Road Repairing Project


မင်္ဂလာပါ ~~~~~~~ YSE မှလုပ်ဆောင်နေတဲ့ Community Development Project တွေထဲကမှ အခုလက်ရှိ YSE ကဦးဆောင်ပြီး ပြင်ဆင်ပေးနေတဲ့ လမ်းလေးတွေနဲ့ ပက်သက်ပြီး ပြောပြချင်ပါတယ်။
ဆိပ်ကြီးရွာလမ်း 3x1000 ကျွန်းကြားရွာလမ်း 3x1900 ကုလားစု နဲ့ ဆိပ်ကြီးကြားကလမ်း 6x1300 လမ်းတွေရဲ့ မူလအနေအထားဟာ ယိုယွင်းပျက်စီးနေတာကြောင့် လမ်းကို အသုံးပြုနေရတဲ့ မိဘပြည်သူများ အခက်အခဲတွေ့နေခဲ့ကြရပါတယ်။ ယခုအချိန်မှာတော့ အထက်ပါလမ်းတွေကို အဆင့်မြှင့်တင်ဆောင်ရွက်မှုတွေ ပြုလုပ်ပေးခဲ့ပြီးဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စိတ်ချမ်းသာစွာ အလွယ်တကူ ခရီးဆက်သွယ်သွားလာနိုင်ပြီဖြစ်ပါတယ်။
အများပြည်သူ အဆင်ပြေသက်သာစေနိုင်ဖို့ ရည်ရွယ်ချက်ဖြင့် လမ်းပြင်ဆင်မှုတွေကို YSE နဲ့အတူအလှူရှင်များရဲ့ ပူးပေါင်းပြီးပြုလုပ်ပေးနိုင်ခဲ့တဲ့အတွက် ပါဝင်ခဲ့ကြတဲ့သူ တစ်ယောက်ချင်းစီတိုင်းကို အလေးအနက် ကျေးဇူးတင်စကားဆိုချင်ပါတယ်။ အခုလိုမျိုး လမ်းအလှူကဲ့သို့ပဲ တခြားသော ရပ်ရွာ အကျိုးဖြစ်ထွန်းစေနိုင်မယ့် ထောက်ပံ့ကူညီမှုများကိုလည်း YSE မှ အခါအခွင့်သင့်သလိုထပ်မံလုပ်ဆောင်သွားပါဦးမယ်။ ဒါကြောင့်မို့ YSE ရဲ့ လမ်းပြင်ဆင်မှုအလှူဒါနလေးကိုမိဘပြည်သူ လူအများ ပီတိဖြစ်စေနိုင်ရန် ဖော်ပြရင်း အလှူရှင်များကိုလည်း ဖိတ်မန္တက ပြုလိုက်ရပါတယ်