Eingyin Hmwe (MOO)
"တကယ်တော့ YSE ဟာ လူငယ်တွေချည်းဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါပေမယ့်လည်း လူငယ်တွေအကုန်လုံးက Teamwork ကောင်းကောင်းနဲ့ Creative ဖြစ်ဖြစ် ညီညီညွတ်ညွတ် လုပ်ဆောင်နိုင်ကြတဲ့အတွက် တစ်နှစ်နဲ့တစ်နှစ် YSE မှာ Project တွေ တစ်ခုပြီးတစ်ခု လုပ်ဆောင်နေပါတယ်။"
(1) ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါဦးရှင့်။
ကျွန်မနာမည်ကတော့ မအင်ကြင်းမွှေးဖြစ်ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်က Civil Engineering Major နဲ့ ဘွဲ့ရထားပါတယ်။ အခုဆိုရင် YSE မှာ Public Relations Officer တစ်ယောက်အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် Learn in the Knowledge ဆိုတဲ့ လူငယ်ဖွံ့ဖြိုးတိုးတက်မှုသင်တန်းကိုတည်ထောင်ထားပြီးတော့ Trainer အဖြစ် ဆောင်ရွက်နေပါတယ်။
(2) အစ်မအနေနဲ့ YSE ကို ဘယ်လိုစသိခဲ့တာလဲ၊ ပြီးတော့ YSE မှာ ဘယ်လောက်ကြာလုပ်ဆောင်ခဲ့ပြီလဲ။ လက်ရှိမှာကော ဘယ်လို Project မျိုးမှာ ပါဝင်နေသလဲ ဆိုတာလေးပြောပြပေးပါ။
YSE ကို စသိခဲ့တဲ့အကြောင်းပြောရရင် YSE Facebook page မှာတင်ထားတဲ့ YSE ရဲ့ activities နဲ့ အကြောင်းအရာတွေကတစ်ဆင့် YSE ကို စိတ်ဝင်စားခဲ့ပါတယ်။ အဲ့တာနဲ့ YSE ကို ၂၀၁၉ ဇွန်လမှာ စတင်ဝင်ရောက်ခဲ့ပြီးတော့ အခုဆိုရင် ၈ လနီးပါးရှိပြီပေါ့နော်။ နောက်ဆုံးအနေနဲ့ဆိုရင် Video contest နဲ့ After school program မှာဝင်ရောက်ကူညီခဲ့ပြီး အခုလောလောဆယ်မှာတော့ ဆီမီးခုံပုဂံမှာ ဆောက်လုပ်နေတဲ့ Vocational School Project အတွက် တာဝန်ယူ ဆောင်ရွက်နေပါတယ်ရှင်။
(3) အစ်မအနေနဲ့ YSE ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုထင်မြင်ပါသလဲ။
YSE ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျွန်မရဲ့အမြင်ကိုပြောရမယ်ဆိုရင် YSE မှာ ကိုယ်ကိုယ်တိုင်လဲ ထဲထဲဝင်ဝင် လုပ်ဆောင်တာဖြစ်ပါတယ်။ အခုလက်ရှိလုပ်ကိုင်နေတဲ့ Officer တွေ အကုန်လုံးကလည်း တစ်ယောက်မကျန် အားသွန်ခွန်စိုက်နဲ့ တက်တက်ကြွကြွ ကြိုးစားလုပ်ကိုင်နေကြတာ တွေ့ရတဲ့အတွက် အားရဝမ်းသာပါတယ်။ အခုလက်ရှိလုပ်ကိုင်နေတဲ့ Officer တွေ အကုန်လုံးကလည်း တစ်ယောက်မကျန် အားသွန်ခွန်စိုက်နဲ့ တက်တက်ကြွကြွ ကြိုးစားလုပ်ကိုင်နေကြတာ တွေ့ရတဲ့အတွက် အားရဝမ်းသာပါတယ်။ တကယ်တော့ YSE ဟာ လူငယ်တွေချည်းဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ လူငယ်တွေအကုန်လုံးက Teamwork ကောင်းကောင်းနဲ့ Creative ဖြစ်ဖြစ် ညီညီညွတ်ညွတ် လုပ်ဆောင်နိုင်ကြတဲ့အတွက် တစ်နှစ်နဲ့တစ်နှစ် YSE မှာ Project တွေ တစ်ခုပြီးတစ်ခု လုပ်ဆောင်နေပါတယ်။ဒီ Project တွေကြောင့်မို့ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းသူကျောင်းသားတွေအတွက် ကောင်းကျိုးတွေဖြစ်စေခဲ့သလို ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်း အချို့သောလူနာတွေအတွက် ကောင်းကျိုးတွေ များစွာ ဖြစ်စေခဲ့ပါတယ်ရှင့်။
(4)နောက်ဆုံးအနေနဲ့ YSE မှာ လက်ရှိလုပ်ကိုင်နေတဲ့ Volunteer တွေကို ရင်ထဲကနေ ပြောချင်တဲ့စကားတစ်ခွန်းလောက်ရှိရင် ဝေမျှပေးပါဦး။
နောက်ဆုံးအနေနဲ့ အခုလက်ရှိလုပ်ကိုင်နေတဲ့ YSE Volunteer တွေအကုန်လုံးကို ပြောချင်တာကတော့ YSE ကြောင့် အကျိုးရှိသွားတဲ့ ကျောင်းသူကျောင်းသားတွေ၊ ကလေးတွေ၊ လူကြီးတွေ အများကြီး ရှိပါတယ်။ အဲ့လိုမျိုးတွေရှိတဲ့အတွက်ကြောင့်မို့ အခု volunteer တွေရဲ့လုပ်ဆောင်နေတာတွေကို အမြဲတမ်း အားရနေပြီးတော့ YSE ရဲ့ Project တွေကို အားစိုက်ပြီး အကုန်လုံး အတူတူ ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ပေးကြတဲ့အတွက်လည်း YSE volunteer တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
Graphic : Thet Wai Htun