Tweltar Lamin Aung(MOO)
Meet Our Officers ဆိုတာ Youth Society for Education (YSE) မှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေ အဖွဲ့ဝင်တွေရဲ့ အဖွဲ့နဲ့ ပတ်သက်ပြီးသဘောထားတွေ၊ အတွေ့အကြုံတွေကို မျှဝေပေးနေတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ YSE အဖွဲ့ရဲ့ HR Manager အဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ မတွယ်တာလမင်းအောင် နဲ့တွေ့ဆုံမေးမြန်းထားပါတယ်
Tweltar Lamin Aung HR Manager
မေး ။ ။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါခင်ဗျ။ ဖြေ ။ ။ မင်္ဂလာပါရှင့် အစ်မနာမည်ကတော့ တွယ်တာလမင်းအောင် ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ နိုင်ငံတကာဆက်ဆံရေးမေဂျာနဲ့ ကျောင်းပြီးထားပြီး လက်ရှိမှာ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ဘာသာရပ်အထူးပြုနဲ့ မဟာတန်းကို တက်ရောက်နေပါတယ်။ YSE မှာတော့ HR Manager တာဝန်ကို ယူထားပါတယ်ရှင့်။
မေး ။ ။ အစ်မအနေနဲ့ YSEကို ဘယ်လိုစသိခဲ့တာလဲ။ ဖြေ ။ ။ YSE ကို သိတာက 2018 December လောက်က စသိတာ။ သူငယ်ချင်းတွေက အဲ့မှာ volunteering လုပ်နေရင်းနဲ့ YSE အကြောင်းစသိခဲ့တာပေါ့နော်။ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ပညာရေးကို အဓိက ဦးစားပေးပြီး ပံပိုးကူညီနေတဲ့ အဖွဲ့ဖြစ်တယ်ဆိုတော့ စိတ်ဝင်စားသွားတာနဲ့ နောက်ပိုင်း လစ်လပ်နေရာတွေ ခေါ်တဲ့အချိန် 2019 February လောက်မှာ HR officer ရာထူးနဲ့ စပြီးတော့ YSE နဲ့ လက်တွဲဖြစ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ YSE မှာ HR Manager အနေနဲ့ တာဝန်ယူထားပါတယ်။ HR Manager တစ်ယောက်အနေနဲ့ ဆိုရင် ဒီ YSE ရဲ့ အဖွဲ့ဝင်တွေ အလုပ်သင်တွေရဲ့ performance evaluation ကို အဓိက စီစစ်ရတယ်၊ ပြီးတော့ အင်တာဗျူး မေးမြန်းတာတွေ၊ policy ချမှတ်တဲ့ နေရာတွေမှာ အဓိက ပါဝင်ပေးတယ်ပေါ့နော်။ အခြား YSE ရဲ့ ပြင်ပလှုပ်ရှားမှုတွေမှာလည်း HR အနေနဲ့ အခါအားလျော်စွာ အားဖြည့်ပေးတာမျိုးလည်း ရှိပါတယ်ရှင့်။
မေး ။ ။ အမအနေနဲ့ YSEရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုထင်မြင်ပါသလဲ။ ဖြေ ။ ။ YSE ကတော့ အရမ်း စနစ်ကျပြီး foundation ကောင်းတဲ့ Non-profit organization ဆိုတာ အစ်မမျက်မြင်ပဲပေါ့နော်။ အဓိကသွားတဲ့ type က Family type ဆိုတော့ အဖွဲ့သားတွေ အချင်းချင်းကလည်း ညီအကိုမောင်နှမတွေလိုမျိုးပဲ။ အဲ့လို အချင်းချင်း စည်းစည်းရုံးရုံးနဲ့ အတူတူ လုပ်ဆောင်နေတဲ့ project တွေကလည်း တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတယ်။ မြန်မာမှာရှိတဲ့ ငွေကြေးမတတ်နိုင်တဲ့ ကလေးတွေကို စီစစ်ရွေးချယ်ပြီး ပညာသင်ဆုထောက်ပံ့တာတွေ၊ ရောဂါဝေဒနာခံစားနေရတဲ့ လူနာတွေ၊ စိတ်ရောဂါဝေဒနာရှင်တွေအတွက်လည်း ငွေကြေးရော လူအားနဲ့ပါ လစဉ် ကိုယ်တိုင်သွားရောက်ပြီး အားပေးထောက်ပံ့တာမျိုးတွေ၊ ပညာရေးနဲ့ ပတ်သက်တဲ့ video ပြိုင်ပွဲတွေ ကျင်းပပေးပြီး public ကို အသိပညာပေးတာမျိုးတွေ စတဲ့ project တွေပေါ့နော်။ အခြား project တွေလည်း အများကြီးကျန်ပါသေးတယ်။ ပြီးတော့ YSE က vocational school တည်ထောင်ဖို့ project ကိုလည်း လုပ်ဆောင်နေပါတယ်။ အရမ်းကို အမြော်အမြင်ရှိပြီး အကျိုးရှိမယ့် project တွေပါ။ တကယ်ကို လေးစားစရာကောင်းတဲ့ အဖွဲ့ကြီးပါ။ ကိုယ့်လုပ်နေတဲ့ အဖွဲ့မို့လို့ ချီးကျူးနေတာမဟုတ်ပါဘူးနော် တကယ့် စိတ်ရင်းနဲ့ ပြောတာပါ။
မေး ။ ။ နောက်ဆုံးအနေနဲ့ YSE မှာ လက်ရှိလုပ်ကိုင်နေတဲ့ Volunteer တွေကို ရင်ထဲကနေ ပြောချင်တဲ့ စကားတစ်ခွန်းလောက်ရှိရင် ဝေမျှပေးပါဦးခင်ဗျ။ ဖြေ ။ ။ အခုလက်ရှိ YSE မှာ volunteer လုပ်နေတဲ့ မောင်နှမတွေကိုရော၊ အဝေးကနေ အားဖြည့်ပေးနေတဲ့ မောင်နှမတွေကိုရော၊ YSE အတွက် အရင်တုန်းက အားဖြည့်ပေးသွားကြတဲ့ မောင်နှမတွေကိုရော ပြောချင်တာက YSE မှာ ရှိနေပေးပြီး တစ်ထောင့်တစ်နေရာက အစွမ်းကုန်ပါဝင် အားဖြည့်ပေးကြလို့ ကျေးဇူးတင်ပါတယ်လို့။ တစ်ခါတစ်လေ stress အရမ်းများတယ် officer တိုင်းလိုလိုပေါ့နော်။ Urgent ကိစ္စမျိုးတွေမှာဆို ဟိုပြေးဒီပြေးနဲ့ မောလည်းမော ပျော်ဖို့လည်းကောင်း အမှတ်တရတွေလည်းဖြစ်တယ်။ ပြောချင်တာက မိမိတို့ရဲ့ ချွေးတွေသည် မြန်မာနိုင်ငံက ကလေးသူငယ်လေးတွေအတွက် အားတွေဖြစ်လို့ အကုန်လုံး ချစ်ချစ်ခင်ခင်နဲ့ စည်းစည်းရုံးရုံးနဲ့ အလုပ်တွေလုပ်ပြီး ကြိုးစားသွားကြရအောင်လို့ ပြောချင်ပါတယ် ♥ .. အားလုံးကိုချစ်ပါတယ်လို့။
Author : Aung Thura Min