မအိမ့်မှူးကျော်
မင်္ဂလာပါ YSEer တို့ရေ ...
ဒီတစ်ပတ် YSEer တို့အတွက် ကျောင်းစာပြင်ပလှုပ်ရှားမှုတွေ လုပ်သင့်တဲ့အကြောင်းကို ပြောပြပေးသွားမယ့်သူကတော့ ရန်ကုန်နည်းပညာတက္ကသိုလ် YTU မှာ Civil Engineering ဘာသာရပ်ဖြင့် ပညာသင်ကြားနေတဲ့ စတုတ္ထနှစ်ကျောင်းသူ မအိမ့်မှူးကျော်ပဲဖြစ်ပါတယ်။
မအိမ့်မှူးကျော်ဟာ YSEALI Academic Fellowship ပညာသင်ဆုဖြင့် လူမှုစွန့်ဦးတီထွင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို အမေရိကန်နိုင်ငံ၊ Brown University မှာ လေ့လာဆည်းပူးခဲ့သူဖြစ်ပြီး မြန်မာနှင့်ဂျပန်နှစ်နိုင်ငံမှ ကျောင်းသားများပါဝင်ဆင်နွဲခဲ့တဲ့ International Development Field Camp - IDFC 2020 မှာ Committee Member တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ Social Affairs Officer အဖြစ် တာဝန်ထမ်းခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် “Duwun” Digital Media မှာလည်း ၂၀၁၉ ခုနှစ် ဧပြီလမှ ဇွန်လအထိ Intern အဖြစ် ဆောင်ရွက်ခဲ့ပါသေးတယ်။
Deloitte ASEAN Risk Intelligence Challenge 2019 မှာ ပထမဆုံးမြန်မာကိုယ်စားပြုအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး မအိမ့်မှူးကျော်ပါဝင်တဲ့ အသင်းဟာ Social Media Award ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ကြသော SEALNet Project Vietnam နှင့် OR Seeding the Future ASEAN Camp တို့ရဲ့ alumnus တစ်ဦးလည်းဖြစ်ပြီး IFP Myanmar 2018 ရဲ့ Facilitator တစ်ဦးလည်းဖြစ်သူ မအိမ့်မှူးကျော်ဟာ ကျောင်းစာပြင်ပလှုပ်ရှားမှုတွေလုပ်သင့်တဲ့အကြောင်းကို အခုလိုပဲပြောပြထားပါတယ်။
“ကျောင်းစာပြင်ပလှုပ်ရှားမှုတွေ ဘာလို့လုပ်သင့်လဲဆိုတော့ ကျောင်းမှာ သင်ရတဲ့စာတွေမှာက သင်ရိုးညွှန်းတမ်းရှိတယ်...။ ဘဝမှာက ဘာသင်ရိုးညွှန်းတမ်းမှ မရှိဘူး။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ မပြောဘဲသိထားရမယ့်ကျင့်ဝတ်တွေ၊ ဘဝမှာ အသုံးချဖို့လိုအပ်တဲ့ အမူအကျင့်တွေ၊ ကိုယ်က အကျိုးအကြောင်း ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်ဖို့၊ ကိုယ့်ရဲ့ ရပ်တည်ချက်ခိုင်မာဖို့ လိုအပ်တဲ့အသိအမြင်တွေက ဒီလို ကျောင်းစာပြင်ပလှုပ်ရှားမှုတွေကနေ အများကြီး သင်ယူလို့ရတယ်။ ပြီးတော့ Extracurricular လို့ပြောလိုက်ရင် အဖွဲ့အစည်းအကြီးကြီးမှာ ဝင်လုပ်မှ၊ certificate ရမှရယ် မဟုတ်ပါဘူး။ တောင်တက်တာ၊ ကျောင်းပွဲမှာ လုပ်အားပေးတာ၊ အားကစားပွဲတွေမှာပါဝင်တာ စတာတွေကလည်း ပြင်ပလှုပ်ရှားမှုတွေပါပဲ...။ ဒီကနေ့မှ အတွေးအမြင်သစ်တွေ တိုးလာတယ်၊ အခွင့်အလမ်းသစ်တွေမြင်လာတယ်၊ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံတတ်လာတယ်ဆိုရင် ဒါအမြတ်ပါပဲ။”