Nadi Wint (Internship Interview)
- Shwe Yee Thet
- Mar 24, 2020
- 1 min read

(၁) ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါဦး။ ကျွန်မနာမည်ကတော့ မနဒီ၀င့်ဖြစ်ပါတယ်။ အခုလက်ရှိ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ BBA major တတိယနှစ်ကို တက်ရောက်နေပါတယ်။
(၂) အစ်မအနေနဲ့ Internship ကာလ ၆ လအတွင်းမှာ YSE ရဲ့ ဘယ်လို Project မျိုးတွေမှာ တာ၀န်ယူဆောင်ရွက်ခဲ့ပါသလဲ။ YSE ကို 2019 August က စတင်၀င်ခဲ့ပြီး Community outreach Department မှာ တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်။ Internship ကာလ ၆ လအတွင်းမှာ ညီမအနေနဲ့ YSEရဲ့ Health Matter Project နဲ့ After School Program တို့မှာ အဓိကပါဝင်ဖြစ်ခဲ့ပါတယ်။
(၃) Internship ကာလပြီးသွားတဲ့အခါမှာ ရရှိခဲ့တဲ့ အတွေ့အကြုံ၊ ခံစားမှုလေးတေွကို ဝေမျှပေးပါအုံး။ Internshipကာလ ၆ လပြီးသွားတဲ့အခါမှာ project /program အပိုင်းကို သေသေချာချာ လေ့လာခဲ့ရပါတယ်။ Project တစ်ခု စမယ်ဆိုရင် အရင်ဆုံး စဉ်းစားတဲ့အပိုင်းကနေ အဲ့ Project လည်ပတ်နေတဲ့အထိ လေ့လာခဲ့ရတယ်။ ခံစားချက်အရ ပြောရမယ်ဆိုရင်တော့ ၂၀၁၉ မှာ YSE ကို ၀င်ခဲ့ရတာဟာ တကယ့်ကို မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ ဥပမာပြောရရင် After School Program မှာဆို ညီမအနေနဲ့ ကလေးတွေရဲ့တိုးတက်မှုကို ပြန်ကြားရတဲ့အခါ ပျော်ရွှင်ကြည်နူးပီတိဖြစ်ရသလိုမျိုး ခံစားမှုလေးတွေ ဖြစ်ရပါတယ်။
(၄) အခုနောက်ဆုံးအနေနဲ့ YSEကို ရင်ထဲကနေပြောချင်တဲ့စကားလေးတစ်ခု ပြောပေးပါအုံး။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ YSE ဟာ တကယ်ကိုကောင်းမွန်တဲ့ လူငယ်အဖွဲ့အစည်းဖြစ်ပါတယ်။ အဖွဲ့အတွင်းမှာလဲ သေသေချာချာ စနစ်တကျနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့အပြင် ပြင်ပလူမှုအသိုင်းအဝိုင်း အတွက်လည်း ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ စနစ်တကျနဲ့ အကျိုးပြုပေးနေတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် မြင်မိပါတယ်။ ညီမကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကိုယ့်ပတ်၀န်းကျင်အတွက် အကျိုးပြုပေးနိုင်အောင် YSE နဲ့အတူ ကြိုးစားသွားပါ့မယ်။ ကျေးဇူးပါရှင့်။
Comments