အာကာမင်းစံ (Architecture Major, YTU)နှင့်တွေ့ဆုံခြင်း
"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။
အာကာမင်းစံ (Architecture Major, YTU)နှင့်တွေ့ဆုံခြင်း
(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။
ကျွန်တော့်နာမည်က မောင်အာကာမင်းစံ ဖြစ်ပါတယ်။ YTU မှာ Architecture Major နဲ့ ဒုတိယနှစ်တက်ရောက်နေပါတယ်။
(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။
ပုံဆွဲတာ ဝါသနာပါပါတယ်။ Architecture က ဝင်ငွေလည်းကောင်းသလို ဝါသနာနဲ့လည်းနီးစပ်တာကြောင့် ရွေးချယ်ဖြစ်ခဲ့တာပါ။
(၃) လေ့လာရမယ့်ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။
1st year မှာ minor ၅ ခုနဲ့ Major တစ်ခုသင်ရပါတယ်။ Myanmar, English, Maths, Physics Chemistry နဲ့ Basic Drawing ပဲဖြစ်ပါတယ်။ Major က စာမေးပွဲ ဖြေစရာမလိုပါဘူး။ Class Work and Homework ကနေအမှတ်ပေးတာပါ။ Physics နဲ့ Chemistry က Lab ဝင်ရပါတယ်။ 2nd year 1st Sem မှာ English, Maths, Mechanical Engineering (Static), and Electrical Power ဆိုတဲ့ Minor ၄ ခုနဲ့ Introduction to Visual Design, Architectural Drawing, and Descriptive Geometry ဆိုပြီး Major ၃ ခု သင်ရပါတယ်။ Major တွေက စာမေးပွဲမရှိပါဘူး။ Semester တစ်ခုပြီးတိုင်း industrial training လုပ်ရပါတယ်။ ပြင်ပ Architectural Company တွေနဲ့ ချိတ်ဆက်ပြီး လုပ်ရတာပေါ့။ အတွေ့အကြုံတွေ အများကြီးရပါတယ်။ 3rd Year ကစပြီး Jury ဆိုတာ ဝင်ရပါတယ်။ ကိုယ်တိုင် Design စဆွဲပြီး Presentation ပေးရပါတယ်။ ဒီမှာတော့ အပြောအဆိုခံရမှာပါ ညဘက်မအိပ်ရတာ ရှိနိုင်တယ်။ စာမေးပွဲမဖြေရပေမယ့် ပင်ပန်းပါတယ်။ Minor တွေအတွက်လည်း စာကျက်ရပါတယ်။
(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။
Archi Major ကို ဝါသနာပါမှယူစေချင်ပါတယ်။ Major တွေက စာမေးပွဲမရှိပေမယ့် အပတ်တိုင်း Project တွေ တစ်ပုံကြီးပါ။ Major က Project တွေ မထပ်နိုင်လို့ကျရင် ဘာမှလုပ်လို့မရဘူးပေါ့။ Minor တွေကကျရင် Re Exam ရှိပါတယ်။ 3rd Year Jury ၀င်ရင်လည်း အပြောခံနိုင်ရမှာပါ။ Jury က နှစ်တိုင်းရှိမှာပါ 3rd year ကစပြီး။ Uni ပြီးရင်းတော့ Mentally Strong ဖြစ်သွားမှာပါ။
Content : Tint Thara Wun
Graphic : Htet Aung
Comments