မဩမြတ်ရူပါအောင် (Business Management, Strategy First University)နှင့်တွေ့ဆုံခြင်း
- thtun4
- Dec 17, 2020
- 1 min read
"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။

မဩမြတ်ရူပါအောင် (Business Management, Strategy First University)နှင့်တွေ့ဆုံခြင်း
(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။
Strategy First University မှာ Business Management ပထမနှစ် တက်ရောက်ထားတဲ့ မဩမြတ်ရူပါအောင်ဖြစ်ပါတယ်။
(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။
Major ရွေးချယ်မှုကတော့ Business က ပေါက်ပေါက်ရောက်ရောက်ရှိပြီး ရေပန်းစားလို့ပါ။ ပြီးတော့ ဘယ်လမ်းကြောင်းဘက်မှာမဆို management ဆိုတာက အရေးကြီးတဲ့အပိုင်းကပါတယ်။ Business Management အပိုင်းကျ အလုပ်ရဖို့လည်းလွယ်ပြီး ကိုယ်လုပ်ရင် လုပ်နိုင်သလောက်ရလို့ပါ။
(၃) လေ့လာရမယ့်ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။
Business Field အောက်မှာ Subject တွေ အများကြီးရှိပါတယ်။ Business Management အဓိကထားပြီး Accounting၊ Marketing၊ Human Resources၊ Statistics နဲ့ အခြား Subject တွေ အများကြီးရှိပါတယ်။ Business Management နဲ့ Bachelor’s degree ပြီးရင် ဒီ subject တွေနဲ့ Specific Professional Choice ကို Master’s သွားလို့ရပါတယ်။ စိတ်ဝင်စားရင် အရမ်းပျော်ဖို့ကောင်းပါတယ်။ Project တွေလည်းလုပ်ရတယ်။ Small Business Plan တွေလည်း ဆွဲရတယ်။ Job အတွက် Experience ရပါတယ်။
(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။
မောင်လေးတွေ ညီမလေးတွေအတွက် ပြောချင်တာကတော့ တကယ်စိတ်ဝင်စားရင် Business တတ်ဖို့ တိုက်တွန်းပါတယ်။ စာပိုင်းအနေနဲ့လည်း တကယ်သင်ပေးတယ်။ ကျောင်းမှာဆိုရင် Festival တွေလည်း ရှိပါတယ်။
Content : Tint Tharawun
Graphic : Htet Aung
Commentaires