ဟိန်းမင်းအောင်
မင်္ဂလာပါ YSEer တို့ရေ ️ ပြီးခဲ့တဲ့တစ်ပတ်က ဘာလို့ ကျောင်းပြင်ပလှုပ်ရှားမှုတွေ (extracurricular activities) လုပ်သင့်တာလဲဆိုတဲ့ အချက်လေးတွေ ပြောပြခဲ့တာ မှတ်မိကြသေးတယ်နော်။ အခုအခါမှာတော့ ဒီလို ကျောင်းပြင်ပလှုပ်ရှားမှုတွေ လုပ်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲဆိုတာကို မျှဝေပေးသွားမယ့် သူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ ပထမနှစ်ကျောင်းသားဘဝတည်းက ပြည်တွင်း ပြည်ပ လူငယ်အဖွဲ့အစည်းများတွင်လည်း ပါဝင်လှုပ်ရှားနေပြီး စွမ်းရည်တိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ စခန်းသွင်းလေ့ကျင့်မှုတွေကို စီစဉ်ကျင်းပခဲ့တဲ့ ကိုဟိန်းမင်းအောင်ပဲဖြစ်ပါတယ်။ ကိုဟိန်းမင်းအောင်ဟာ နိုင်ငံတကာ လူငယ်အစည်းအဝေးများ၊ ပြိုင်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲ များစွာ ပါဝင်ခဲ့သူဖြစ်ပြီး Deloitte ASEAN Risk Intelligence Challenge 2019 မှာ ပထမဆုံး မြန်မာကိုယ်စားပြုအသင်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် Development Innovation Insider ရဲ့ Global Correspondent တစ်ဦးအဖြစ်သာမက MYEO ရဲ့ Head of Campus Chapter Program အဖြစ်ပါ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ International Development Field Camp for Myanmar and Japan Youth Leaders 2020 ရဲ့ Myanmar Committee President အဖြစ် တာဝန်ယူဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ ကိုဟိန်းမင်းအောင်ဟာ ကျောင်းပြင်ပ လှုပ်ရှားမှုတွေလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို အခုလိုပဲ ပြောပြထားပါတယ်။
"ခေါင်းဆောင်မှု၊ ပေါင်းသင်းဆက်ဆံရေး၊ စီမံခန့်ခွဲမှု စတဲ့ အရည်အသွေးကို အတွေ့အကြုံတွေကနေတစ်ဆင့် ရယူဖို့အတွက်ဆိုရင် ကျောင်းစာပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ အရေးကြီးပါတယ်။ ဒီကရတဲ့ အတွေ့အကြုံနဲ့ စွမ်းရည်တွေဟာ ကိုယ့်ရဲ့ ပညာရေးနဲ့ အနာဂတ်အလုပ်အကိုင်အတွက် တကယ် အထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက် သင်ယူလေ့လာစရာတွေဆိုတာ စာသင်ခန်းထဲမှာတင်မဟုတ်ပဲ စာသင်ခန်းရဲ့အပြင်ဘက်မှာလည်း အများကြီး ရှိတယ်လို့ ကျွန်တော်ကတော့ ယုံကြည်ထားပါတယ်။"
Comentarios