ထက်ထက်ဦး (ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမေဂျာ)နှင့်တွေ့ဆုံခြင်း
"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။
ထက်ထက်ဦး (ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမေဂျာ)နှင့်တွေ့ဆုံခြင်း
(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။
မင်္ဂလာပါ အစ်မနာမည် ထက်ထက်ဦးပါ။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမေဂျာနဲ့ တတိယနှစ် တက်ရောက်နေပါတယ်။
(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း (သို့) နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။
ဒီဘာသာရပ်ကို ရွေးချယ်ခဲ့တဲ့အကြောင်းအရင်းကတော့ စီမံခန့်ခွဲမှုအပိုင်းကို စိတ်ဝင်စားလို့ရွေးချယ်ခဲ့တာပါ။ ဒီမေဂျာကို နာမည်စကြားကတည်းက စိတ်ဝင်စားခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ရွေးချယ်စရာတွေထဲကမှ (Public Administration) ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမေဂျာကို ရွေးချယ်ခဲ့တာပါ။
(၃) လေ့လာရတဲ့ ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။
အစ်မတို့လေ့လာရတဲ့ ဘာသာရပ်တွေမှာ major နဲ့ minor ဆိုပြီးရှိပါတယ်။ မြန်မာစာ၊ Business English၊ Business Mathematics၊ Geography၊ History ဆိုပြီး သင်ရပါတယ်။ ဘာသာရပ်တိုင်းက Business နဲ့သက်ဆိုင်တာတွေ သင်ရမှာဖြစ်ပါတယ်။ Statistics ကိုလည်း သင်ကြားရမှာဖြစ်ပါတယ်။ Statistics ဆိုတာလည်း အရေးပါတဲ့ဘာသာရပ်တစ်ခုပါပဲ။ စစ်တမ်းဘယ်လိုကောက်ယူရသလဲဆိုတာတွေ သင်ပေးမှာပါ။ Major ကတော့ ကိုယ် specialize လုပ်နေတဲ့ Public Administration ပေါ့။ အစ်မတို့မေဂျာက theory ပိုင်းတွေ အဓိက သင်ရတာပါ။ Public Administration ဆိုတာ Human Affair ကို ဘယ်လိုစီမံရမလဲဆိုတာကို လေ့လာရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် theory ပိုင်းတွေ သင်ရတယ်လို့ပြောတာပါ။Public Administration နဲ့ Economics ဆိုတာက ဆက်စပ်နေတာဖြစ်တဲ့အတွက် မသိမဖြစ်တဲ့ Economics ကိုလည်း သင်ရပါမယ်။ Business Accounting ကိုလည်းအခြေခံလောက်သင်ရပါတယ်။ International Trading ဆိုတဲ့ဘာသာရပ်ကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဘယ်လိုတွေ Trade လုပ်ကြသလဲဆိုတာသင်ရတာပါ။ Tax အကြောင်း money market အကြောင်းတွေလည်း အစုံအလင် သင်ကြားရပါတယ်။ တကယ်လည်း ဗဟုသုတရပါတယ်။ economics နဲ့ business က တူသလိုလိုနဲ့မတူပါဘူး။ ဘာတွေမတူလဲဆိုတာကတော့ သင်ကြည့်ရင် သိလာပါလိမ့်မယ်။ Business Management ပိုင်းလည်း သင်ရပါတယ်။ Macroeconomics၊ Microeconomics တွေကို စိတ်၀င်စားတဲ့သူတွေဆိုရင်တော့ Public Administration မေဂျာက သင်ကြားရတာ ပျော်စရာကောင်းပါလိမ့်မယ်။ သင်ယူရင်းလေ့လာရင်းနဲ့ economics နဲ့ business ရဲ့ကွာခြားပုံတွေကို သိလာမှာဖြစ်ပါတယ်။
(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။
တက္ကသိုလ်တက်တော့မယ့် ဂျုနီယာလေးတွေကို ပြောချင်တာကတော့ ကိုယ်တကယ်စိတ်ဝင်စားတဲ့အရာကိုပဲ ရွေးချယ်ပါ။ ကိုယ်တကယ် သင်ယူချင်တဲ့အရာက ဘာလဲဆိုတာသိအောင်လုပ်ပါ။ ရွေးချယ်မှု မှန်ကန်မှ သင်ယူရတာလည်း ပျော်စရာကောင်းပြီး အဓိပ္ပာယ်ရှိမှာပါ။ အစ်မကေတာ့ ရွေးချယ်မှု မှန်ကန်ကြပါစေလို့ ပြောချင်ပါတယ်။
Content : Phoo Pwint Khaing
Graphic : Htet Aung
Comments