top of page

မပန်ဝတ်ရည်ကျော် (English For Professional Purpose, NMDC)နှင့်တွေ့ဆုံခြင်း

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။


မပန်ဝတ်ရည်ကျော် (English For Professional Purpose, NMDC)နှင့်တွေ့ဆုံခြင်း


(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။

◼ အစ်မနာမည်ကတော့ ပန်ဝတ်ရည်ကျော်ဖြစ်ပါတယ်။ National Management Degree College မှာ English for Professional Purpose (EPP) major နဲ့ ဒုတိယနှစ်တက်ရောက်နေပါတယ်။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။

◼ ဒီဘာသာရပ်ကိုရွေးချယ်ဖြစ်ခဲ့ပုံကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီး ဘယ် university ကိုသွားရမလဲဆိုပြီးတော့ အရမ်းဝေခွဲမရဖြစ်ခဲ့တယ်။ ပြီးတော့ online ပေါ်ကနေပဲ ဒီ NMDC ကနေ major တွေအကြောင်းကို အသေးစိတ် ရှင်းပြတဲ့ပွဲအကြောင်းကိုတွေ့တယ်။ တွေ့တော့ သူငယ်ချင်းတွေနဲ့ တူတူအဲဒီကိုသွားဖြစ်တယ်။ အဲ့မှာ BBM major ကို အရမ်းစိတ်ဝင်စားသွားတယ်။ အမှန်တိုင်းပြောရရင် ဒီ EPP Major ကိုလျှောက်ခဲ့တာ မဟုတ်ခဲ့ဘူးပေါ့နော်။ အစ်မက business ကိုစိတ်ဝင်စားတော့ BBM major ကို ဦးစားပေးလျှောက်ခဲ့တာ။ ဒါပေမယ့် အမှတ်ကမမှီဘဲနဲ့ EPP major ပဲရသွားတယ်။ ဒါပေမယ့် အစ်မရွေးချယ်မှုကို မှားသွားတယ်ဆိုပြီးတော့ နောင်တရတယ်ဆိုတာမျိုး ခုချိန်ထိ လုံးဝ မရှိခဲ့ပါဘူး။ ဒီ major က business တစ်ခုထဲတင်မဟုတ်ဘဲ eng + business style မျိုးသွားတာကြောင့် ဘွဲ့ရတဲ့အခါမှာ အလုပ်မရှားဘူး။ ဘယ် career field မဆို သွားလို့ရတဲ့အတွက်ကြောင့် အစ်မအတွက် အရမ်းအဆင်ပြေပါတယ်။


(၃) လေ့လာရမယ့် ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။

◼ ဒီမှာ အဓိက လေ့လာရတာကတော့ business management နဲ့ business english ဖြစ်ပါတယ်။


first/sec year မှာတော့ တခြား Myanmar တို့ AM တို့လို minor major တွေလည်းရှိတယ်။ Statistics လိုမျိုး major လဲသင်ရပါတယ် အတန်းကြီးလာတာနဲ့အမျှ business management နဲ့ eng ပိုင်းကို ပိုပြီး focus လုပ်သွားတယ်။ ပြီးတော့ တစ်ခုအရမ်းသဘောကျတဲ့အချက်က third year နဲ့ fourth year မှာ intern (အလုပ်သင်) ဆင်းရတယ်။ အဲ့တော့မှ pass ပေးတာပေါ့နော်။ အဲဒါက လုပ်ငန်းခွင် တကယ်ဝင်တဲ့အခါမှာ ရှိသင့်တဲ့ အခြေခံ experience အချို့ကို တစ်ခါတည်း ပါသွားစေသလိုဖြစ်တယ်။ ပြီးတော့ major တိုင်းက စာတွေ့တင်မဟုတ်ဘဲ လက်တွေ့ ကွင်းဆင်းလေ့လာရတဲ့အချိန်တွေလည်းရှိတာကြောင့် အရမ်းသဘောကျပါတယ်။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။

◼ နောက်ဆုံးပြောချင်တာကတော့ ကိုယ်က business management ပိုင်းကိုလည်း စိတ်ဝင်စားတယ်။ Professional English ကိုလည်း လေ့လာချင်တယ်ဆိုရင် ဒီ NMDC က EPP major က အသင့်တော်ဆုံးပါလို့ recommend ပေးချင်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းပေါများတာကြောင့် ရွေးချယ်လိုက်ရင် နောင်တရစရာဆိုတာမရှိတဲ့ major လို့ပဲပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Content : Myat Thazin Khine

Graphic : Htet Aung

Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page