top of page

ကိုဇင်လင်းထိုက် (Civil) နှင့်တွေ့ဆုံခြင်း

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။



ကိုဇင်လင်းထိုက် (Civil) နှင့်တွေ့ဆုံခြင်း


(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး

မှော်ဘီနည်းပညာတက္ကသိုလ်မှာ မြို့ပြအင်ဂျင်နီယာဘာသာရပ်ကို သင်ကြားနေတဲ့ မောင်ဇင်လင်းထိုက်ဖြစ်ပါတယ်။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး

ဒီဘာသာရပ်ကို ရွေးချယ်ခဲ့တဲ့အကြောင်းအရင်းကတော့ လူနေမှုဘဝရဲ့ အရေးအကြီးဆုံး အရာတွေထဲတစ်ခုဖြစ်တဲ့ လမ်းတွေဖောက်တာ တံတားတွေဆောက်တာတွေကို စိတ်ဝင်စားလို့ပါ။


(၃) လေ့လာရမယ့်ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး

လေ့လာရမဲ့ဘာသာတွေကတော့ ပထမနှစ်မှာ Civil နဲ့ပတ်သက်တဲ့ Code တွေပစ္စည်းတွေအခေါ်အဝေါ်တွေပေါ့နော်၊ ဒုတိယနှစ်ရောက်ရင်တော့ survey ဆိုတဲ့ တိုင်းတာခြင်းပညာနဲ့ လက်တွေ့လုပ်ရမှာပါ။ ကျန်တဲ့နှစ်မှာတော့ လမ်း၊ တံတား၊ အဆောက်အအုံ၊ လေယာဥ်ကွင်းတွေအကြောင်းပေါ့နော်။ ပထမနှစ်ကတော့ ကျက်စာများတော့ နည်းနည်းပျင်းစရာကောင်းတယ်။ ဒုတိယနှစ်ကတော့ တွက်စရာတွေများတော့ ပျော်ဖို့ကောင်းတယ်။ တွက်စာက တစ်ယောက်တည်းတွက်လို့တော့မရဘူး။ အများနဲ့တွက်ရတာပေါ့နော်။ စာမေးပွဲဖြေရင်တော့ တွက်ရတာနည်းပါတယ်။ အတန်းထဲမှာသာ များတာပါ။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။

ပြောချင်တာကတော့စိတ်မဝင်စားရင်တော့ အတော်စိတ်ပင်ပန်းရပါတယ်။ ကျန်တာကတော့ ပျော်ဖို့ကောင်းပါတယ်။


Content - Tint Thara Wun

Graphic - Htet Aung

Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page